About the line

Line မျဉ်း အကြောင်း

သဘာဝတရားကြီးမှာ အလင်း နဲ့ အမှောင်၊အဖြူ နဲ့ အမဲ၊ အနိမ့် အမြင့်၊အကြီး အသေး၊ကျားနဲ့မ ဆိုပြီး ခြားနားချက်တွေရှိသလို ပန်းချီမှာလည်း လိုင်းသဘောအရ အခြေခံအားဖြင့် အဓိက မျဉ်းနှစ်မျိုးသာ ရှိပါသည်။

အဆိုပါမျဉ်းနှစ်မျိုးကတော့ Straight line မျဉ်းဖြောင့် နှင့် Curve line ခေါ် မျဉ်းကောက်ဆိုပြီး မျဉ်းနှစ်မျိုးသာရှိသည်။

မျဉ်းဖြောင့်၏သဘောတရားမှာ ဖြောင့်မတ်ခြင်း၊တည်ကြည် လေးနက်မှုရှိခြင်၊ခိုင်မာခြင်း မျဉ်းကောက်၏သဘောတရားမှာ ပျော့ပြောင်း နူးညံ့ခြင်း၊လှုပ်ရှားလိုခြင်းသဘောရှိ။

Straight line မျဉ်းဖြောင့်ကိုမူတည်ပြီး မျဉ်းစောင်း၊မျဉ်းလဲ၊မျဉ်းမတ် တို့ ဖြစ်တည်လာပါသည်၊

ထို့အတူ curve line မျဉ်းကောက်ကိုမူတည်ပြီး မျဉ်းကွေး၊လှိုင်းတွန့်မျဉ်း၊မျဉ်းခုံး၊မျဉ်းခွက်၊စက်ဝိုင်းကွေးမျဉ်း၊စပရိန်မျဉ်း၊ခရုပတ်မျဉ်း တို့ ဖြစ်တည်လာပါသည်၊၎င်းမျဉ်းတို့၏သဘောတရာများကိုပုံတွင်ဖေါ်ပြထားပါသည်။

ဝါသနာရှင်များအနေဖြင့်အထက်ပါမျဉ်းအမျိုးအစားများကိုလက်တွေ့လေ့ကျင့်ရသလိုမျဉ်း၏သဘောတရားများကိုလည်းသိနားလည်မှသာပုံပန်းချီကား များရေးဆွဲရာ၌အရောင်တွေမပါသော်ငြားလိုင်းသဘောအားဖြင့်ခံစားချက်နှင့်ဆိုလိုရင်းတို့ကိုအလွယ်တကူဖေါ်ပြနိုင်မည်ဖြစ်ပါသည်။

မျဉ်း လေ့ကျင့် ခဏ်းများကိုမနက်ဖန်ညတွင်စတင်ပါမည်။

အမှန်တကယ်တတ်မြောက်ချင်လျင် လေ့ကျင့်ခဏ်းများကို လက်တွေ့လေ့ကျင်စေချင်ပါသည်၊ အသက်အရွယ်ကြီးသူများအနေဖြင့် လိုက်ပါမလေ့ကျင့်လည်းရပါသည်အဓိက က လူငယ်များနှင့်ကလေးငယ်များကိုကြိုးစားလေ့ကျင့်စေချင်ပါသည်၊နိုင်ငံ၏စက်မှုတိုးတက်မှုလမ်းကြောင်းမှာ၎င်းတို့၏ဖန်တီးနိုင်စွမ်း ပေါ်တည်နေပါသည်။

ဗဟုသုတအနေဖြင့်ပြောပြရလျင် ဂျာမဏီနိူင်ငံအလျင်အမြန်စက်မှုထွန်းကားလာသည်မှာ၊လွန်ခဲ့သည့်နှစ်ပေါင်းနှစ်ရာကျော်ထဲကစာသင်ကျောင်းများတွင် art ပန်းချီသင်ခန်းစာကိုကမ္ဘာမှာစတင်သင်ကြားခြင်းကစပါသည်၊အမေရိကန်လည်း‌၎င်းင်းအချက်ကိုသိရှိပြီး နှစ်ငါးဆယ်နောက်ကျပြီးမှပန်းချီကိုကျောင်းသင်ခန်းစာထဲလိုက်ထည့်ရပါသည်၊ထို့‌နောက် အင်္ဂလန်၊ဂျပန်၊တရုတ်နိုင်ငံတို့လိုက်ပါလာပါသည်၊ အာဆီယံနိုင်ငံတွေလည်းနောက်ကျမကျန်အောင်တဆက်တည်းသင်လာကြပါသည်၊မြန်မာနိုင်ငံသည်၊အစပိုင်းဦးနေသော်လည်းအကြောင်းကြောင်းတွေကြောင့်ကျန်ရစ်ပြီး ယခုမှ စာသင်ကျောင်းတွေမှာပန်းချီသင်ရိုးထည့်ဆွဲထားရပါသည်။

ရေးပြရလျင်မဆုံးနိုင်တော့ဘူးရယ်၊ဗဟုသုတ သိထားရအောင်နှင့်အခြေခံပုံဆွဲကိုအထင်မသေးမိစေရန်ဖြစ်ပါသည်။