Basic Kanote 001 ~ 003

Basic Kanote 001

အပိုင်း(35) basic. Kanote.

29-9-2020- အခြေခံ ကနုတ်ပန်းရေးဆွဲခြင်း၊ မျဉ်း ကွေး မျဉ်းကောက်တွေနဲ့မရေးဆွဲခင် မျဉ်းဖြောင့် မျဉ်းမတ်တွေနဲ့ စတင်အကြမ်းရာထားပြီးမှ မျဉ်းကောက်တွေနှင့်စနစ်တကျရေးဆွဲရတာပါ၊ အခြေခံလေးတွေသိထား တတ်ထားရင် မိမိစိတ်ကူးရှိသလို ဖန်တီးရေးဆွဲလို့ရပါသည်။ ကနုတ်စာအုပ်ထဲ မထည့်ဖြစ်သည့်သင်ခန်းစာတွေပါ၊ Tone လေ့ကျင့်ခဏ်းတွေက နောက်ပိုင်းဆက်လေ့ကျင့်ရအုံးမှာဖြစ်ပါသည်၊

Basic Kanote 002

အပိုင်း(35) 30.9.2020 Basic kanote.

အခြေခံ မျဉ်းတွေ သိနားလည် ကျွမ်းကျင်လာအောင်အမြဲတန်းလေ့ကျင့်ပေးနေရပါသည်၊ရေးဆွဲရင်း နဲ့ နားလည်လာပါလိမ့်မည်၊နောက်ပိုင်း တီထွင်ဖန်တီးမှုတွေက စိတိကူးအတိုင်းလက်က လက်တွေ့ရေးဆွဲနိုင်ပါလိမ့်မည်၊ လူပုံ မရေးဆွဲခင် အခြေခံ လက်ကျင့်တော့ ရှိထားဘို့ လိုပါသည်။ တစ်လကျော်နေ့စဉ် သင်ပြနေတာတောင် သိရုံဘဲသိမှာပါ၊တတ်ကျွမ်းဘို့ကအချိန်အများကြီးကျင့်ရအုံးမှာပါ၊ အပြင်မှာ တပတ် နှစ်ရက် သင်ရင် စဉ်းစားကြည့်သာကြည့် အမှန်တကယ် တတ် မလားမတတ်ဘူးလားဆိုတာ၊ ဒါကြောင့်လည်းပန်းချီကျောင်း သုံးနှစ် အချိန်ပြည့်ရေးဆွဲနေတာတောင် ကျောင်းဆင်း ဘာမှဖြစ်မြောက်စွာမတတ်မြောက်ခဲ့ပါဘူး၊ နည်းစနစ်ပေါင်းများစွာတော့ နားလည်သဘောပေါက်ခဲ့ရပါသည်။ ကိုယ်တကယ်တတ်ကျွမ်းချင်ရင်အချိန်မဖြုန်းပါနှင့် နေ့စဉ် လေ့လာလေ့ကျင့်ပါ၊ ဆရာတွေထက်ပိုတတ်ကျွမ်းသူဖြစ်လာမှာသေချာပါသည်။

Basic Kanote 003

အပိုင်း(35) 30.9.2020 Basic kanote flower.

စက်တင်ဘာလကုန် လေ့ကျင့်ခဏ်းလေး ၊ အခြေခံ မြန်မာ့ ကနုတ်ပန်း နှစ်လက္မ ပတ်လည် စတုရန်း အကွက်တွေ ချပြီး ရေးဆွဲလေ့ကျင့်ပါ။