Circle Part Nine

Circle အပိုင်း (9)

Circle အဝန်းဝိုင်း၊ အဆုံး အစမရှိ လည်ပတ်သောသဘောတရားရှိ၊ အခြေခံ ပုံဆွဲမှာ ဝ လုံး အဝန်းပိုင်းရေးနည်းက အဓိကအချက်မှာပါဝင်နေပါသည်၊အဝန်း ပိုင်းတွေလက်တန်းအလွတ်ရေးဆွဲနိုင်မှ လူ့မျက်နှာပိုင်း နှင့် အဆောက်အဦးအခုံးများ အိုးအလုံးအထည်များ အခြားလုံးဝန်းသောအရာဝတ္ထုများကိုအလွယ်တကူရေးဆွဲနိုင်ပါလိမ့်မည်။

လေ့ကျင့်ရန်အတွက် square လေးနားညီ စတုရန်းကွက် နှစ်လက္မပတ်လည်စီလေးထောင့်ကွက်များအကြမ်းရာထားပါ၊ပြီးလျင်ထောင့်ဖြတ်မျဉ်းများထည့်၍ မျဉ်းခုံးစက်ဝိုင်းတခြမ်းကိုစတင်ရေးဆွဲပါ၊ဆက်၍မျဉ်းခွက်တခြမ်းကိုအောက်ဘက်မှရေးဆွဲထိမိပါစေ၊

ပြီးလျင် အပေါ်အောက် စက်ဝိုင်းခြမ်းများတဆက်တည်းရေးဆွဲလေ့ကျင့်ပါ၊ အလေ့အကျင့်ကျင့်သားရလာလျင်လေးထောင့်ကွက်ထဲ အဝန်းပိုင်း ညီညာဝိုင်းနေအောင်ရေးဆွဲလေ့ကျင့်ပါ။

စာမျက်နှာ ဆယ်မျက်နှာခန့် အဝန်းပိုင်းများလေ့ကျင့်စေချင်ပါသည်၊ည 7 နာရီမှာ ပုံများ ပြသနိုင်ပါသည်၊ ရှစ်နာရီ သင်ရိုးပြန်စပါမည်။။ ယခုက အပိုင်း (9)ပါ။