Curve Exercise

မျဉ်းကွေးလေ့ကျင့်ခဏ်း

အပိုင်း(၆) ကမျဉ်းကွေးတွေလေ့ကျင့်ခဏ်းပါ မျဉ်းကွေးကျင့်ဘို့ နှစ်လက္မအကွက်တွေဘောင်ကွပ်ထားပါ၊ပြီးလျင်ထောင်ဖြတ်မျဉ်းဆွဲပြီး အလယ်မျဉ်း center line ကနေ စပြီး ပစောက် မျဉ်းခွက်ကိုစတင်ရေးဆွဲပါ၊တဖြေးဖြေးမျဉ်းကပိုပိုပြီး လေးထောင့်အကွက်ပြည့်ဖြစ်လာပါမည်၊၎င်းအတိုင်းလေးထောင့်ကွက်များစွာကိုမျဉ်းခွက်များလေ့ကျင့်ပေးပါ၊

Conceive line မျဉ်းခွက်များအလယ်မျဉ်းကလေ့ကျင်ပြီးလျင် ခပ်ပြေပြေမျဉ်းခွက်များကိုလည်းပုံပါအတိုင်းဆက်လက်လေ့ကျင့်ပေးပါ၊စာရွက်များကိုလှည့်ပတ်မဆွဲပါနှင့် လက်ကောက်ဝတ်ကိုသတိထားရေးဆွဲပါ။

စာမျက်နှာငါးမျက်နှာခန့်ရေးဆွဲလေ့ကျင့်ပါ၊မကျွမ်းကျင်သေးပါကထပ်ကာထပ်ကာ လေ့ကျင့်ပေးပါ၊မျဉ်းကွေးတွေကပိုပြီးအသုံးဝင်ပါသည်၊ကျင့်ရအနည်းငယ်ခက်ခဲနိုင်ပါသည်၊စိတ်ရှည်ထားလေ့ကျင့်စေချင်ပါသည်။

ပုံတွေမဆွဲရသေးလို့စိတ်မပျက်ပါနှင့်ဒါတွေကလုံးဝအခြေခံတွေဖြစ်နေလို့ပါ။