Curve Line

အပိုင်း(၈) curve line

ပျော့ပြောင်း၊နွဲ့နှောင်း၊လှုပ်ရှားသောသဘော ၊

ယခုမျဉ်းကောက်လေ့ကျင့်ခဏ်းသည်၊နိုင်ငံတကာ၌ ခေတ်သစ်လေ့ကျင့်နည်းစနစ်ပါ၊အလွန်တရာကျင့်ရခက်ခဲသလို ထိရောက်မှုကအလွန်အံ့ဩစရာကောင်းလှပါသည်သမရိုးကျမျဉ်းကောက်လေ့ကျင့်နည်းတွေထက်ခေတ်မီစနစ်ကျလှသောလေ့ကျင့်ခဏ်းတွေပါ။

အာရုံကိုစုစည်းထားရသလိုအရာဝတ္ထုတွေကိုမထိမိစေရန်လည်းသတိထားရေးဆွဲရပါသည်၊အစပထမမှာမထိမိစေရန်ဖြေးညင်းစွာရေးဆွဲလေ့ကျင့်ပါ၊ခဲလိုင်းများမပြတ်တောက်ပါစေနှင့် ခဲလိုင်းများထစ်ငေါ့ခြင်းမရှိစေရန်လည်းဂရုပြုရပါသည်၊တဖြေးဖြေးချင်းအပိုင်းလိုက်လေ့ကျင့်ပေးရပါသည်။

ဤအဆင့်မှာ မျဉ်းကွေး မျဉ်းကောက်များ၏နောက်ဆုံးလေ့ကျင့်ခဏ်းဖြစ်ပါသည်၊ကျွမ်းကျင်လာပါက ဆံပင် ပုံစံတွေ အလွတ်တန်းရေးဆွဲနိုင်သလို၊လူ၏ ပေါင်တံများ လက်မောင်းများ၊ခြေသလုံးများ ရေလှိုင်းလုံးများကို အလွယ်တကူကျွမ်းကျင်စွာလက်တန်းရေးဆွဲနိုင်ပါမည်မှာသေချာလှပါသည်။

အောက်ပါလေ့ကျင့်ခဏ်းများနေ့စဉ်လေ့ကျင့်ပေးရပါသည်၊လောဆယ်မှာ စာမျက်နှာ ဆယ်မျက်နှာ လေ့ကျင့်ပေးပါ။ စောင့်ကြည့်နေပါမည်။