Drop Drawing

အပိုင်း (32) drop.

ရေစက်လေးတွေကို အကြည်ပေါက်ဖြစ်အောင် ရေးဆွဲရတာပါ၊အသီး အနှံ၊ အရွက်၊ အရာဝတ္ထုတွေပေါ် ရေစက်တွေ အလွတ် ထည့်သွင်း ရေးဆွဲနိုင်စေရန်အတွက်၊လေ့ကျင့်ပေးရတာပါ၊ခဲရေးချက် အလင်း အမှောင် ရောင်ပြန် အရိပ်တွေကို ထည့်သွင်းရေးဆွဲရပါသည်။

5.1.2021. ရေစက် ရေးဆွဲပုံ ရှင်းလင်းချက်၊ဘာသာပြန်ပြီး လေ့လာကြည့်ရအောင်ပါ။

Translate 1

Student

တတ်သလောက်လေးပြန်ပေးထားပါတယ် ဆရာကြီး။ အိမ်စာလေးလဲ လိုက်လုပ်ရင်းနဲ့ပါ။အဖြူရောင်ခဲတံကတော့မရှိလို့ ခဲတံတစ်မျိုးတည်းနဲ့ပဲဆွဲလိုက်ပါတယ်။

Artisthlatun Artisthlatun

အဖြူက ခဲဖျက်သုံး သို့ အဖြူချန်

Translate 2

ဆွဲပုံဆွဲနည်း အဆင့်​တွေက ၁.အဝိုင်းပုံကို အရင်ဆွဲပါ ၂.အဝိုင်းအောက်မှာ အရိပ်ထည့်ပါ ၃.အဝိုင်းထဲမှ အရိပ်ထည့်ပြီး ရောင်ပြန်အတွက် နေရာ​လေးချန်ထားပါ ၄.blender(ခဲအတွက်သက်သက်အသုံးပြုတဲ့ ရောနယ်တဲ့ကိရိယာ လေးနဲ့ဘဲဖြစ်ဖြစ်) တခုခုနဲ့ ခဲ​ရေးချက်​တွေ မ​ပေါ်​အောင် ရော​ပေးပါ ၅. (၃) မှာချန်ထားတဲ့​ နေရာနဲ့ ရောထားတဲ့​နေရာ​အောက်ကို အဖြူ​ရောင်​လေးတွေ ထည့်ပါ ၆. အဲ့အဖြူနဲ့ အ​ပေါ်ကခဲ​ရေးချက်တွေကို ထပ်​ရော​ပေးပါ ၇. ပုံမှာပြထားတဲ့အတိုင်း နေရာအချို့ကို အမည်းဆုံး ရေးခြယ်​ပေးပါ