Eye Level

အပိုင်း (၁၅) eye level မျက်စိမျဉ်းတန်း အကြောင်း

မျက်စိမျဉ်းတန်းဆိုသည်မှာ၊အရာဝတ္ထုများကိုရေးဆွဲသည့်အခါအခါမိမိမျက်စိနှင့်မျဉ်းတပြေးတည်းအနေအထားလား သို့ မဟုတ် အပေါ်ဘက်လား၊အောက်ဘက်လားခွဲခြားသိရှိနိုင်စေရန်မှန်းဆချိန်ဆရသောစိတ်မှန်းမျဉ်းကိုဆိုလိုပါသည်။

ဥပမာ ဖန်ခွက်မျက်နှာပြင်အဝကိုမျက်စိမျဉ်းတန်းအောက်ထားကြည့်ပါကအဝကျယ်ကိုမြင်တွေံရပြီးဖန်ခွက်အောက်ခြေဖင်ခြမ်းကိုမူမမြင်ရပါ၊ထို့အတူဖန်ခွက်ကိုအပေါ်ဘက်ထားပြီးကြည့်ပါကဖင်ခြမ်းအဝိုင်းကျယ်ကိုသာမြင်ရပြီးဖန်ခွက်ထိပ်အဝကျယ်ကိုမမြင်ရတော့ပါ၊။

အဓိကအချက်မှာ အပေါ်ဘက်မော့ကြည့်လေမျဉ်းလိုင်းများပိုမိုခုံးလာပါသည်၊အောက်ဘက်ငုံ့ကြည့်လေမျဉ်းလိုင်းများပိုမိုခွက်လာသည့်သဘောရှိပါသည်။

အောက်ပါပုံများကိုသေချာလေ့လာလေ့ကျင့်စေချင်ပါသည်။စာမျက်နှာ ၁၀ မျက်နှာလောက်မပျက်မကွက်လေ့ကျင့်ပါ။

အပိုင်း (16)ကစပြီး အရာဝတ္ထုတွေစတင်ရေးဆွဲပါမည်။