Figure Proportion

အပိုင်း(41) figure proportion. 8.10.2020.

ပန်းချီမှာ လူပုံ ကအခက်ဆုံး မို့ သေချာစွာ လေ့ကျင့်ရပါသည်၊ အခြေခံ ပိုင်း ဖြတ်တာတွေနိုင်နင်းမှ အလွတ် လက်တန်း ရေးဆွဲလို့အဆင်ပြေမှာပါ၊လက်တန်းပိုင်းဖြတ်တာ မရရင် ပေတံကို အသုံးပြုပါ၊ အမျိုးသားဦးခေါင်းအချိုးကသာမန်အားဖြင့် 7ချိုးခွဲ၊အမျိုးသမီးက 8ချိုး၊အမျိုးသားက အချိုး နဲ သော်လည်း ဦးခေါင်းအချိုးကြီးသည့်အတွက် အရပ် ပိုမြင့်ပါသည်၊ ဘယ် အသက်အရွယ် ဆွဲဆွဲ ဦးခေါင်းအချိုး အဆသာ ယူရပါသည်၊ဦးခေါင်းသေးလျင် အရွယ် ငယ်ပါသည်။ အဓိက အချက်သည်အခြေခံ ပိုင်းဖြတ်တာ ကျွမ်းကျင် နေရပါမည်၊အကွာ အဝေးတွေ ပိုင်းဖြတ်တာ မညီမျှ ရင် အချိုး အစားတွေလည်း ပုံစံ မကျ ဖြစ်နေတတ်ပါသည်။ လေ့ကျင့်ကြည့်ပါ။

အခြေခံ ပိုင်းဖြတ် ခြင်း။

ပုံကြမ်းရာထားခြင်း

Artisthlatun Artisthlatun

Student : စိတ်မှန်းနဲ့လား Artisthlatun : မိမိရေးဆွဲမည့် ဆိုဒ် အလိုက် အချိုး ချရတာပါ၊

ရှေ့ နောက် အချိုး အမျိူသား။

အပိုင်း(41) 9.10.2020

ပထမပိုင်းမှာ ဆလင်ဒါ ထုလုံးရှည် တွေ လေ့ကျင့်ထားသူတွေအနေနဲ့ အလွယ်တကူ အချိုး ချ ရေးဆွဲနိုင်မှာပါ။ သီအိုရီတွေ အမှတ်ရနေပါ၊လူကို မျက်စိ နှာခေါင်း တွေနဲ့ မမြင်ပါနဲ့ ဦးခေါင်းက အဝိုင်းလား လေးထောင့်လား ပုတိုလား ချွန်ချွန်လား ဆိုသည့် shape ကိုဘဲကြည့်ရမှာပါ။ လူရဲ့ ကြွက်သား တွေ အဝတ်အစားတွေကိုလည်း ထို့အတူပါ မေ့ပျောက်ထားပြီး ဆလင်ဒါ ပုံစံထုလုံးရှည်တွေနှင့် ပုံကြမ်းရာထားရေးဆွဲရပါသည်။ စာရွက်ဆိုဒ်ကြီးလေပိုပြီးလေ့ကျင့်ရပိုကောင်းစေပါသည်၊စက္ကူဆိုဒ်ကြီးကြီး နှင့် အဆင်ပြေသူများ လေ့ကျင့်ရေးဆွဲပါ။ လက်တွေ၊ခြေထောက်တွေ၊ အရိုးစုတွေ၊အကြော်တွေ၊ အဝတ်အစားအတွန့်တွေ၊အက်ရှင်လှုပ်ရှားမှုတွေ၊အများကြီးကျန်ပါသေးသည်၊ ခဲ အလင်း အမှောင် ရေးချက်၊ပန်းချီကား ဖွဲ့စည်းပုံ သင်စရာတွေ အများကြီးပါ၊စိတ်ရှည်ရှည်ထားလေ့ကျင့်ပါလို့။