Getting Started Drawing Basics Form

အပိုင်း (14) အခြေခံပုံများစတင်ရေးဆွဲခြင်း

အခြေခံပုံဆွဲအကယ်ဒမစ်နည်းတွေမှာ point line shape ပြီးရင်form ထုထည်သဘောတွေထပ်ဆင့်ပြီးလေ့ကျင့်ရပါသည်။

အခြေခံအရာဝတ္ထုတွေကိုထုထည်သဘောနှင့်ရေးဆွဲတတ် နားလည်ပီဆိုလျင်၊မိမိမြင်ကွင်းရှိပုံများဖြစ်သော ပုဂံလုံး၊ဖန်ခွက်၊ဓါတ်ဘူး၊ရေခဲသေတ္တာ၊ပန်းအိုး၊ရေခွက်၊အစရှိသော ဆလင်ဒါပုံစံများလေးထောင့်ပုံစံများကိုထုထည်ဖြင့်စနစ်တကျပုံဖေါ်ရေးဆွဲနိုင်ပါမည်။

အောက်ပါပုံများမှာ လေးထောင်ပုံစံ shape ကို နှစ်လွှာဖြစ်အောင်ပုံစံတူအရွယ်အစားတူစတင်ရေးဆွဲရပါသည်၊ပုံစံတူနှစ်ထပ်ရှိ‌‌ေထာင့်အနားစွန်းများကိုထိစပ်ရေးဆွဲကြည့်ပါကထုထည်ပုံသဏ္ဌာန်ထွက်ပေါ်လာသည်ကိုတွေ့မြင်ရပါမည်။

ကုဗတုံးပုံလေးထောင့်ထုထည်များရေးဆွဲလေ့ကျင့်ပြီးပါက ၎င်းကိုအခြေခံပြီး ဆလင်ဒါ၊ပိရမစ်၊ထုလုံကတော့ချွန်ပုံတွေရေးဆွဲရလွယ်ကူပါလိမ့်မည်။

အောက်ပါလေ့ကျင့်ခဏ်းများကိုစာမျက်နှာပေါင်းများစွာရေးဆွဲလေ့ကျင့်ပေးရပါသည်၊ပေတံအသုံးမပြုရ၊ခဲဖျက်အတတ်နိုင်ဆုံး ရှောင်ပါ၊ကျေညက်သူများအခက်အခဲမရှိသော်လည်းလေ့ကျင့်ခန်းပုံမှန်မလုပ်သူများလက်တန်းရေးဆွဲရခက်ခဲပါသည်၊ရေးဆွဲရခက်ခဲသူများပေတံအသုံးပြုပါ။

အပိုင်း(15)မှာ eye level စသင်ပါမည်။