In Form Line

အပိုင်း (17) In Form Line (ထုပြမျဉ်း)

အရာဝတ္ထုတွေရေးဆွဲရာမှာ ထုထည်သဘောတွေသိထားမှသာမိမိရေးဆွဲသောပုံပန်းချီကားများသဘာဝကျစွာထွက်ရှိလာမှာဖြစ်သည်။

ရှေးဦးစွာအရောင်‌တွေမလာခင်လိုင်းသဘောအရထုထည်ထွက်ပေါ်လာစေသည့် in form line ကို မိမိမှတ်ဉာဏ်ဖြင့်ရှာဖွေလေ့လာပြီး လက်တွေ့ရေးဆွဲလေ့ကျင့်ပေးရပါသည်၊ အောက်ပါလေ့ကျင့်ခဏ်းများ ကိုလေ့လာရေးဆွဲလေ့ကျင့်ပါ။

မိမိအိမ်တွင်းရှိအရာဝတ္ထုများဖြစ်သောတီဗီ၊ထမင်းပေါင်းအိုး၊ဘောလုံး၊ဘူးခွံအမျိုးမျိုး၊သေတ္တာများ၊အစရှိသည်တို့၏ ထုထည်လိုင်းများကိုရှာဖွေလေ့လာလေ့ကျင့်ပေးရပါသည်။

နောက်ဆုံးမှသာလူ၏မျက်နှာအစိတ်အပိုင်းကိုထုထည်ဖြင့်ပုံဖေါ်ရေးဆွဲလေ့ကျင့်ရပါသည်။

စာမျက်နှာများစွာလေ့ကျင့်ပေးရပါသည်။

တခါတလေမှာ အခက်တွေချည်း သင်ပြနေရင် စိတ်ဝင်စားမှုနည်းပါးသွားတတ်၊အောက်ပါလေ့ကျင့်ခဏ်းတွေက အလွယ်နဲ့အခက် ကို ပူးတွဲ ပြထားတာပါ၊ပန်းပွင့်တွေတောင်သီအိုရီနည်းစနစ်မသိရင်သာမန်ပုံပါ၊နည်းစနစ်တွေနဲ့ရေးဆွဲမှသာအချိုးအစားမှန်ကန် ပြီး လှပမှာဖြစ်သည်

ဘယ်အရာဝတ္ထုမဆို in form line နှင့် hidden line တို့မပါဘဲနဲ့ ပုံတွေဟာ နည်းစနစ်မကျ လွဲမှားနေတတ်ပါသည်။

အောက်ပါအခြေခံတွေလုံးဝကျေညက်နေမှသာ ဖန်တီးသည့် ဘက်ကို ကူးပြောင်းနိုင်မည်ဖြစ်သည် ၊ပန်းချီကျောင်းမှာနှစ်လုံးပေါက်သင်တာတောင်မတတ်ကျွမ်းကြပါဘူး ဝါသနာရှင် များအခြေခံပုံဆွဲနည်းတွေမတတ်ကျွမ်း ရင်တောင်နားလည်ထားရပါမည်။

နိုင်ငံတကာမှာမူလတန်းထဲကခုလိုအခြေခံတွေသင်ထားကြသည့်အတွက်အလျင်အမြန် စက်မှု နိုင်ငံတွေထူထောင်နိုင်ကြတာဖြစ်သည်။

ပညာဒါန သင်တန်းကတော့ နိုင်ငံတကာကသင်ရိုးကိုမှတ်မိသလောက်ဆက်လက်ပြသပေးပါမည်၊ အောက်ပါအခြေခံတွေသိနားလည်မှသာ အင်တာနက်ကပုံများကိုအလွယ်တကူလေ့လာလေ့ကျင့်နိုင်ပါမည်။

ခုအပိုင်း (၁၇)ထိရောက်နေတာတောင် လိုင်း line အကြောင်းတွေမပြီးသေးပါဘူးအများကြီးကျန်သေး၊လေ့ကျင့်ဘို့ဆိုလနဲ့ဆက်ကြာ နိုင်၊ခဲ tone အနု အရင့်ဆို လည်းကြာအုံးမှာပါ၊အဆင်မပြေ မလိုက်နိုင်ရင်ပြောအုံးနော်၊။