Main Sketches When Drawing an Object

အပိုင်း(၁၆) အရာဝတ္ထုတခုကို‌ရေးဆွဲရာ၌ အဓိကပုံကြမ်းမျဉ်းများ

ဒီနေ့ဆို အပိုင်း(၁၆) ရှစ်ရက်ရှိပီ

အခြေခံတွေက အများကြီးကျန်သေးတာ သင်ခန်းစာတွေ ကျော်ပြီးသင်လို့ရပေမဲ့၊တကယ့်နည်းစနစ်တွေမသိလိုက်မှာစိုးလို့ဖြေးဖြေးချင်းသွားနေရတယ်၊အခြေခံပုံဆွဲတောင်ဒီလောက် လေ့ကျင့်နေရရင် ပန်းချီကားအဆင့်ဆိုဘယ်လောက်ခက်ခဲနက်နဲလည်းဆိုတာခန့်မှန်းလို့ရကြပါပီ၊ နိုင်ငံတကာကပန်းချီကားတွေဒေါ်လာသန်းချီတန်ဘိုးရှိတာအခြေခံတွေလုံးဝကျေညက်နေလို့ပါ၊အဘက်ဘက်ကတွက်ချက်ပြီးမှရေးရတာပါ ရေးဘို့အတွက်စိတ်ကူးလက်တွေ့တွေကနှစ်နဲ့ချီပြီးလေ့လာလေ့ကျင့်ထားရတာပါ။

ပုံတပုံအရာဝတ္ထုတခုစတင်ပုံကြမ်းရေးဆွဲ‌ေတာ့မည်ဆိုပါလျင်ပုံကြမ်းလောင်းသည့်မျဉ်းတွေကိုသိရှိနားလည်ထားဘို့လိုပါသည်။

Base line အခြေခံအောက်ခြေမျဉ်း၊ Center line အလယ်ဗဟိုမျဉ်း Structure line တည်ဆောက်မျဉ်း (ငြမ်းမျဉ်း) အထက်ပါမျဉ်းများထဲမှအဓိကအရေးကြီးမျဉ်းမှာအလယ်မျဉ်း (ဗဟိုမျဉ်း)ဖြစ်ပါသည်

အောက်ပါသင်ခန်းစာများကိုအထပ်ထပ်အခါခါစာမျက်နှာများစွာလေ့ကျင့်ပါ၊ မနက်ဖန် သန်ဘက်ခါနှစ်ရက် နားပါမည်။

အပိုင်း (17) in form line ထုပြမျဉ်းအကြောင်း သင်ပြပါမည်။