Oblique Line

Oblique Line မျဉ်းစောင်း

မနေ့ကမျဉ်းမတ်‌တွေမျဉ်းလဲတွေလေ့ကျင့်ပြီးရင်ခုတဖန်မျဉ်းစောင်းအမျိုးမျိုး oblique line တွေကိုစတင်လေ့ကျင့်ရမှာပါ၊

မျဉ်းစောင်းဆိုသည်မှာ vertical line and horizontal line များကြား ၉၀’ဒီဂရီ ထောင့်မှန်ကျမျဉ်းနှင့် ၁၈၀’ မျဉ်းလဲ ကြားရှိမျဉ်းများကို မျဉ်းစောင်းဟုခေါ်ဆိုပါသည်၊မျဉ်းစောင်း‌တွေမှာ ဘယ်ဘက်စောင်းသောမျဉ်း နှင့် ညာဘက်စောင်းသောမျဉ်း ဆိုပြီးရှိရာအဆိုပါမျဉ်းစောင်းများကို ပေတံအသုံးမပြုဘဲ လက်တန်း အလွတ်ရေးဆွဲလေ့ကျင့်ပေးရပါသည်။

ကျွမ်းကျင်မှုအတွက်ကြိမ်ဖန်များစွာ စာမျက်နှာများစွာလေ့ကျင့်ပေးရပါသည်၊စာရွက်များမျဉ်းကြောင်းမပါပါစေနှင့် အလွတ်ပြောင်စာရွက်များနှင့်သာလေ့ကျင့်ပါ၊နီးစပ်ရာသူများကစာရွက်အဆင်မပြေသူများကိုကူညီပေးစေချင်ပါသည်။ စာမျက်နှာ ငါး မျက်နှာလေ့ကျင့်ပါ စာရွက်နောက်ကြောဘက်တွေလည်းလေ့ကျင့်နိုင်ပါသည်။နာရီဝက်စောင့်ပြီး နောက်တဆင့်ဆက်လက်ပြပါမည်။

ခုအပိုင်းက၊ (၄)ပါ၊