Painting Compositions 001 & 002

Painting Compositions 001

အပိုင်း(48) 23.10.2020 ပန်းချီကား ဖွဲ့စည်းမှုများ

Golden proportion ရွှေအချိုးက ပန်းချီဆရာတွေ အသုံးပြုခြင်း သိပ်မရှိပါဘူး ဗိသုကာသမားနဲဒီဇိုင်းနာ တွေသာ အသုံးများပါသည်၊ပန်းချီဆရာတွေက ဝိတ် ကိုကြည့်ပြီး ဖွဲ့စည်းတာ၊အရာင်ကိုကြည့်ပြီ ဖွဲ့စည်းကြတာ များပါသည်၊ နောက်ပိုင်း ဓါတ်ပုံ တွေကူးရေးကြတာများလာတော့ သီအိုရီ နည်းစနစ်ပိုင်း လိုက်စားသူမရှိသလောက်ပါဘဲ၊ပန်းချီကားတွေလည်း ရောင်းနေရတော့ ပိုဆိုးပြီး ပညာနောက်ဆက်မလိုက်ကြတော့ပါ၊ ဝါသနာ ရှင်တွေက ခုချိန်မှာ အများကြီး လုပ်ပိုင်ခွင့်ရှိနေပါပီ၊ နောက် ငါး နှစ်လောက်ဆို ပုံကူးရေးနေသူတွေ နဲ့ အလွယ်လမ်းလိုက်ပြီး ရေးဆွဲနေသူ တွေကျန်ရစ်ခဲ့မှာကသေချာပါသည်။ အောက်ပါပန်းချီကားဖွဲ့စည်းပုံတွေလေ့လာကြည့်ပါ၊ ပန်းချီကား အဖွင့် အပိတ်၊အပို့ နှင့် ဟန်ချက်တို့ကို ဆက်လက်ပြသပေးပါမည်။

Painting Compositions 002

အပိုင်း(49) 24.10.2020 ပန်းချီကားဖွဲ့စည်းမှုများ

ပနိးချီဆရာအများစုကတော့ ပန်းချီကား အဖွင့်အပိတ်ကို မိမိကျွမ်းကျင်ရာ အလိုက် ထည့်သွင်းရေးဆွဲလေ့ရှိပါသည်။

ဘယ်ခြမ်းကို လှေတခြမ်းဖြင့်မှောင်ထားပြီး ညယဘက်ထောင့်ခြမ်းကိုတော့ အရိပ်နဲ့ပိတ်ထားပါတယ်၊မျက်စိအာရုံကပန်းချီကားအလယ်ထဲမှာဘဲတဝဲလည်လည်နဲ့ဖမ်းစားထားတာပါ။

ညာဘက်ခြမ်းမှာစိန်ပန်းပင်အရောင်အရကော၊ဆိုဒ်အနေအထားရောကြီးမားစွာနေရာယူထားတာပါ၊ပြန်ဖြည်ထုတ်ဘို့အတွက် ဘယ်ခြမ်းထောင့်မှာ နွားလှည်းက ပန်းချီကားထဲ ပြန်ဝင်ပြထားသလိူ ထီးအနီ ကလည်းအရောင်အားကိုပြန်ထိန်းညှိထားတာပါ။

လှေရဲ့ဝိတ်ကဘယ်ခြမ်းမှာလေးနေလို့ ညာခြမ်းထောင့်မှာ အမှောင်ရိပ်ကို ဝိတ်ပြန်ထိန်းထားတာပါ။

ညာဘက်ခြမ်းမှာ ဝိတ်များနေလို့ နာမည်ထိုးတာဘယ်ခြမ်းမှာထိုးပြီး ဝိတ်ကိုပြန်ညှိထားတာပါ။