Painting Compositions 003 & 004

Painting Compositions 003

အပိုင်း(50) 25.10.2020 ပန်းချီကား ဖွဲ့စည်းမှုများ

အခြေခံဖြစ်သည့် မျဉ်းအကြောင်းတွေသိထား တတ်ထားရပါမည်၊ အရာဝတ္ထုများကိုလည်းလက်တန်းရေးဆွဲတတ်ရပါမည်၊ အပင်များ၊စေတီပုထိုးများ၊လူ လှုပ်ရှားမှုများ တို့ကိုအလွတ်လက်တန်းရေးဆွဲနိုင်ရပါမည်၊ဒါမှသာ မိမိရေးဆွဲသောပန်းချီကားထဲ ဖန်တီး ထည့်သွင်းနိုင်မည်ဖြစ်ပါသည်။ လက်တန်းမရေးဆွဲနိုင်ပါက ကွန်ပြူတာ photo shop အခြေခံတော့တတ်ထား အသုံးပြုနိုင်ရပါမည်၊ မိမိလက်တန်းမရေးဆွဲနိုင်သောအရာဝတ္ထုများကို ကွန်ပြူတာနှင့် ဖြတ် ညှပ် ကပ်၊ဟိုပေါင်းစပ် ၊ဒီပေါင်းစပ်လုပ်ပြီး ပုံကြမ်းထုတ်ယူနိုင်ပါသည်။ ဘာအကြောင်းအရာဘဲရေးရေး အခြေခံ သဘောတွေတော့သိနားလည်ထားရပါမည်။

အပေါ်ဘယ်ညာ နှစ်ဖက် ဧရိယာ လွတ်ပြီး ဟာကွက်တွေဖြစ်ပေါ်နေ။

ပုဂံစေတီက မျဉ်းဖြောင့်များ နေသဖြင့် မာကြော်သောသဘောရှိ၊ ဘယ်ထောင့်ကနေသစ်ပင်ကို မျဉ်းကွေးအသုံးပြုထားသလို အပေါ်ကိုင်းဖျားများလည်း မျဉ်းကွေးအသုံးပြုထား၊တိမ်ကလည်းအပျော့ မျဉ်းကွေး၊

ပန်းချီကားအဖွင့်အပိတ် ရှိနေချိန်မှာ ပန်းချီကား အလှုပ်ဖြစ်အောင် လူပုံကို ဆွဲထည့်ထာူရပါသည်၊မျဉ်းများကအမတ်တွေချည်းဖြစ်နေသည့်အတွက် ထီး မျဉ်းကွေးကိုအသုံးပြုပေးထားပါသည်။

အလယ်က အဓိက အကြောင်းအရာဖြစ်ပြီး ထက်အောက် ဘယ်ညာဧရိယာတွေက ဟာကွက်ဖြစ်နေ၊

ဧရိယာ လွတ်များကို ဖြည့်ပြီး ဖန်တီးထားပုံ၊

ဘုရားစေတီက အမာ အပင်က အပျော့၊ ဘယ်အပေါ်ထောင့်မှာ အရောင်အပြာရင့်ဖြင့်ပိတ်ထားပြီး၊ညာအောက်ဘက်ထောင့်မှာ အုတ်ပုံပျက်ဖြင့် ပြန်ပိတ်ထား၊တိမ်တွေက ပန်းချီကားကို ပိုလှုပ်စေသည်၊ဘုရားက မျဉ်းမတ်နှင့်ဘုန်ကြီးကမျဉ်းမတ်ကပြိုင်နေ၊ ၎င်းကို ထီးအမိုး မျဉ်းကွေးဖြင့် ပြန်ထိမ်းညှိထားသည်။

တိုက်အများစုက မျဉ်းမတ် တွေ မာကြော်သောသဘောရှိ၊မျဉ်းကွေး ဓါတ်ကြိုးများဖြင့်ပြန်ထိန်းညှိထား၊ ညာဘက်အောက်နားများမျဉ်းစောင်းကိုပြန်ထည့်ထားပြီး ကား အရိပ်မှောင်များဖြင့် ပန်းချီကားကို ပိတ်ထား။

Painting Compositions 004

အပိုင်း(50) 25.10.2020 ပန်းချီကားဖွဲ့စည်းမှု နဲ့ ထားသို နေရာချထားခြင်း။

နေရာချတာများပြီး ရှုပ်ထွေး စေသည့် စိတ်ကိုခံစားမိစေသည်။

စနစ်တကျ ညီညာ စွာ စီတန်းသလိုဖြစ်နေလို့ ကြည့်သူအမြင်ကို ပျင်းရိ ညီးငွေ္စေသောစိတ်ခံစားမှုဖြစ်စေ။

အနိမ့် အမြင့် မညီမညာ အဖြောင့် အကောက်တွေနှင့်ကြည့်သူစိတိကိုမရိုး မရွဖြစ်အောင်စွဲဆောင်မှုဖြစ်စေ။

နိုင်းယှဉ် လေ့လာဘို့

စွဲဆောင်မှုမရှိသာမန်ဖွဲ့စည်းမှု

ထားသိုမှုကောင်းပြီး ပန်းချီကား၏ အဖွင့်အပိတ်မပါတော့ တခုခု လိုနေသလို၊

Student

အဖွင့် အပိတ်ဆိုတာ နားမလည်လို့ ရှင်းပြပေးပါအုံး ဆရာ

Artisthlatun Artisthlatun

ဘယ်ဘက်အပေါ်ထောင့်ကို တိမ်နဲ့ပိတ်ထား ပြီး ဘယ်အောက်ထောင့်ကို ကျောက်တုံးနဲ့ပိတ်ထား၊ ညာဘက်အပေါ်ထောင့်ကို အပင်နဲ့ပိတ်ထားပြီး ညာအောက်ထောင့်ကို အရိပ်နဲ့ပိတ်ထား ကြည့်သူအမြင်က ပန်းချီကားအထဲမှာဘဲ လည်နေရော၊

ထားသိုမှုကော အဖွင့် အပိတ်ကော ပြည့်စုံပြီး ပညာရှင်ဆန်သော ဖွဲ့စည်းမှု။

လေ့လာကြည်ပါ။