Perspective

အပိုင်း (19) Perspective

နီးဝေးမြင်သဘောတရားများအ‌ခြေခံပုံဆွဲပန်းချီမှာအဓိကနဲ့အရေးကြီးဆုံးအပိုင်းကပါစပတ်တစ်ပါဘဲ၊အရာဝတ္ထုတွေသဘာဝနဲ့ နီးစပ်အောင်ရေးဆွဲနိုင်ဘို့နဲ့ထုထည်ရုပ်လုံးကြွမှု တွေဟာပါစပတ်တစ်အကြောင်းသိနားလည်မှသာအဆင်ပြေမည်ဖြစ်ပါသည်။

အခေါ်အဝေါ်များသိထားရန် G.L ground line မြေပြင်ညီမျဉ်း H.L horizontal line မိုးကုပ်စက်ဝိုင်းမျဉ်း out door E.L eye level မျက်စိမျဉ်းတန်း

in door အသုံးပြုသင်္ကေတ P.P picture plane စိတ်ကူးဖြင့်ပုံ‌ဖေါ်ခြင်း။ SPL .spectator line ကြည့်သူ၏နှာခေါင်းတည့် မျဉ်း S.P station point.ကြည့်သူ၏နေရာ

အခြေခံမှတဆင့်အဆင့်မြင့်ပုံဆွဲပိုင်းတွေပါလာမှာဖြစ်သည့်အတွက်မှတ်ဉာဏ်နှင့်စိတ်ရှည်မှုတွေကအဆုံးအဖြတ်ပေးသွားမှာပါ၊ယခုအပိုင်းများကိုနားလည်အောင်လေ့လာစေချင်ပါသည်။

မနက်ဖန်မှာပါစပတ်တစ်လေ့ကျင့်ခဏ်းစတင်မှာဖြစ်သည့်အတွက်စာအုပ်ဆိုဒ် 10”x15”ဆိုဒ် နှင့် ပေတံ ခဲဖျက်များ အဆင်သင့်စုဆောင်းစေချင်ပါသည်

အောက်ပါပုံများလေ့လာပါ။