Perspective

အပိုင်း(၂၁) နီးဝေးမြင်သဘော

ပါစပတ်တစ်တွေရေးဆွဲရာမှာ မျက်စိမျဉ်းတန်းသည် ၁၈၀’ဖြစ်ရပါမည်၊ ၎င်းမျဉ်းပေါ်၌ပျောက် ကွယ်စက် ဆုံမှတ်ကို စိတ်ကူးဖြင့်အဆင်ပြေသလိုမှတ်ထားရပါမည်။ ပျောက်ကွယ်စက် vanishing Point သည်၊ပုံ၏တည်နေရာပင်ဖြစ်သည်၊ point နေရာ အစက်အမှတ် နေရာချလွဲသည်နှင့်မိမိရေး ဆွဲသောပုံပန်းချီကားများလည်းအချိုးမကျ မညီညာ ဖြစ်သွားနိုင်ပါသည်၊၊ Out door eye level မျက်စိ မျဉ်းတန်းကို vanishing point ပျောက်ကွယ်စက်ဖြင့် သတ်မှတ်ထားကြသည်။ အောက်ပါပုံများကိုတဆင့်ချင့်း လေ့လာရေးဆွဲလေ့ကျင့်ကြည့်ပါ သဘောပေါက်နားလည်လာပါလိမ့်မည်။

အဓိကမျဉ်းလဲသည်၊ 180’ ဖြစ်နေရပါမည်။

ဒုတိယအဆင့်မှာ အိမ်ခေါင်မိုးများကို သတိပြုရေးဆွဲစေချင်ပါသည်၊

ပြတင်းပေါက်တွေ အိမ်အဝင်ပေါက်တွေကို ပျောက်ကွယ်စက်ဆုံမှတ်မှဖြာထွက်မျဉ်းများအသုံးပြုရေးဆွဲရပါသည်၊

ညာဘက်ခြမ်းအပင်တွေအနိမ့်အမြင့်ကြည့်ပြီးရေးဆွဲပါ၊

နောက်ဆုံးအဆင့်မှာတော့ လှူပ်ရှားမှုအနေဖြင့်လူပုံတွေထည့်ပြထားတာပါ၊ မကျွမ်းကျင်သေးခင်မထည့်ပါနဲ့၊ ကောင်းကင်မှာ တိမ်စိုင်တွေ ငှက်လေးတွေအဆင်ပြေအောင်ထည့်လို့ရပါသည်။