Perspective

အပိုင်း(22) perspective.

အခြေခံပါစပတ်တစ် နီးဝေးမြင် စနစ်မှာအရာဝတ္ထုပုံများကိုအချိုးကျမကျ နည်းစနစ်မှန်မမှန်ကို ပြန် လည် ချိန်ညှိ ကြည့်သည့်မျဉ်းက Hidden line မျဉ်းပုန်း သို့ ကွယ်ပျောက်နေသောမျဉ်း နှင့် ပြန်လည် ထိန်းချုပ် ချိန်ဆရပါသည်။

အောက်ပါပုံအဆင့်ဆင့်ကိုအခြေခံကပြန်လည်လေ့လာလေ့ကျင့်စေချင်ပါသည်၊ ည 8 နာရီ မှာ အခန်းတွင်းပရိဘောဂများ စတင်ရေးဆွဲခြင်းစပါမည်။ One point perspective ကို အခြေခံကျေညက်နေမှသာ two Point perspective ကိုဆက်လက်လေ့ကျင့်ဘို့လွယ်ကူမှာပါ။ ပါစပတ်တစ်ကိုစိတ်ဝင်စားသူများအတွက်ပါစပတ်တစ်သီးသန့် ဘာသာရပ်ကိုအွန်လိုင်းမှဆက်လက် အဆင့်မြင့်ပြသသွားပါမည်။

မျက်စိမျဉ်းတန်း မျဉ်းလဲကိုစာရွက်အလျားလိုက်စတင်ရေးဆွဲပါ။

မျက်စိမျဉ်းတန်းအောက်မှာ မျဉ်းလဲ အပိုင်းတိုများကိုဆက်လက်ရေးဆွဲပါ ။

ဆုံမှတ်မှတဆင့်ဖြာထွက်မျဉ်းများကို မျဉ်းအပိုင်းတိုများနှင့်ထိတွေ့ဆုံပါစေ၊

မျက်နှာပြင်များထုထွက်ပေါ်စေရန်မျဉ်းမတ်များအားလုံးသည်၊မျဉ်းမတ် ထောင့်မှန်ကျပါစေ၊

ပါစပတ်တစ်မျဉ်းများကို hidden line မျဉ်းပုန်းများကပြန်လည်ထိန်ချုပ်ထားသည်။

Student

ဆရာပေတံသုံးပြီးဆွဲသင့်သလား?

Artisthlatun Artisthlatun

အခြေခံမှာပေတံသုံးရတယ် ကျွမ်းကျင်သွားရင် ဘလောက်တုံးကို တိုက်ရိုက်ရေး

အပိုင်း(22) one point perspective. ပျောက်ကွယ်စက်တခုဖြင့်ရေးဆွဲရသောနီးဝေးမြင်စနစ် လေ့ကျင့်ခဏ်း၊

ပါစပတ်တစ်အခြေခံတွေ ကို ကျောင်းသားအရွယ်ထဲကကျေညက်နေပါမှသာ စက်မှု ကျောင်းသား ဗိသုကာသမား များသာမက အခြားနယ်ပယ်များအထိပါ မိမိစိတ်ကူးဖြင့် တီထွင်ဖန်တီးနိုင်ကြမှာသေချာ လှပါသည်။ အခြေခံမကျေညက်ထားပါက ပြည်ပကလုပ်ထားသမျှအထူးအဆန်းဖြစ်ပြီး ပုံတူကူးချရ သည့်တိုင်းပြည်ဘဝကနေတိုးတက်လာဘို့မလွယ်ပါဘူး၊ မိမိမှတ်ဉာဏ် စိတ်ကူးတွေလက်တွေ့အကောင်အထည်ဖေါ်ရန် အတွက်အောက်ပါအခြေခံတွေကိုစိတ်ရှည်စွာလေ့ကျင့်ပေးပါ။ စက္ကူစာရွက်တွေမနှမျှောပါနှင့် ဆိုဒ်ကြီးကြီးရှာရေးပါ၊အလွန်ထူးခြားတာတွေမြင်ရပါလိမ့်မည်။

မျဉ်းလဲကိုသေချာရေးဆွဲပါ၊အစက်အမှတ်သေချာမှတ်သားရေးဆွဲပါ၊

ပျောက်ကွယ်စက်အမှတ်ကနေ ဖျာထွက်မျဉ်းများကိုဂရုစိုက်ဆွဲပါ၊

မျဉ်းလဲ မျဉ်းမတ်များ ညီညာစွာအပြိုင်ဖြစ်နေပါစေ၊ထောင်ဖြတ်မျဉ်းများမလွဲပါစေနှင့်

အခြေခံမှာ ပေတံကို အသုံးပြုပါ ခဲဖျက်ကိုအတတ်နိုင်ဆုံးရှောင်ပါ၊ပုံပါလိုင်းများ မျဉ်းများကိုအာရုံစိုက်ပြီးဆွဲပါ။

သင်ခန်းစာမဟုတ်ပါဘူး လေ့လာလို့ရအောင် ထပ်မံပြပေးတာပါ။ အပိုင်း(22) အဆက်၊

Student

ဆရာ….အဝေးဆုံးကို ရောက်ရင် လှေခါးထစ်တေက ရော မျဥ်းတေလို ပျောက်ကွယ်သွားမှာလားဗျ ရှင်းပြပေးပါ🙏

Artisthlatun Artisthlatun

ဆုံမှတ် v.p ရောက်ရင်အားလုံးပျောက်ကွယ်ကုန်၊

Student

ပုံတစ်ပုံမှာ V.p နေရာက… Eye level မှာပဲ ထားရတာလားဗျ🙏

Artisthlatun Artisthlatun

မျက်စိမျဉ်းတန်း မျဉ်းလဲပေါ်မှာဘဲ ပျောက်ကွယ်စက်တွေ ထားရှိရတာ။

အခြေခံပါစပတ်တစ် one point. Perspective. လေးတွေဆက်လေ့လာ စေဘို့ပါ။