Perspective

အပိုင်း(23) မှာ ပါစပတ်တစ် တွေ၏ အကွာအဝေးစကေးဘယ်လိုချရတယ်ဆိုတာသိထားရအောင်ပါ၊

ဥပမာ ဓါတ်တိုင်အကွာအဝေးတွေ မီးရထားဇလီဖါးတုံးတခုနဲ့တခုအကွာအဝေးတွေ ပလက်ဖေါင်းက ကျောက်ပြား တခုနဲ့တခုအကွာအဝေးတွေကို နီး ဝေး သဘောနဲ့ ဘယ်လိုရေးဆွဲရတယ်ဆိုတာ အောက်ပါပုံများကိုလေ့လာရေးဆွဲ လေ့ကျင့်နိုင်ပါသည်။ ရှေ့အပိုင်းမှာသင်ခဲ့ဘူးသလိုပါဘဲ ထောင့်ဖြတ်မျဉ်းများဖြင့်ပိုင်းဖြတ်ပြီးစနစ်တကျရေးဆွဲပါ။

အပိုင်း(၂၃) perspective.

လက်ရှိသင်နေသည့်နီးဝေးမြင် ပါစပတ်တစ်က မျဉ်း အနားသတ် linear Perspective shape နဲ့ form တွေကို လိုင်းအနေနဲ့ပုံဖေါ်ရေးဆွဲရတာပါ၊ နောက် level တွေမှာ tone Perspective ခဲ အနု အရင့် သ ဘောပါသည့် နီး ဝေးမြင်ရေးချက်တွေဆက်လက်လေ့ကျင့်ရပါအုံးမည်။ water colour အတန်းမှာတော့ အဆင့်မြင့် ကာလာ ပါစပတ်တစ်တွေလေ့ကျင့်ရအုံးမှာပါ။ နောက်တနာရီမှာ ပျောက်ကွယ်စက်နှစ်ခုဖြင့်ရေးဆွဲရသော Two point perspective စတင်ပါမည်၊အဆင်သင့်ပြင်ထားပါလို့။

အပိုင်း(၂၃) two point perspective ပျောက်ကွယ်စက်နှစ်ခုဖြင့်ရေးဆွဲသောနီးဝေးမြင်စနစ်။

တူးပွိုင့်ပါစပတ်တစ်မှာ ဆုံမှတ်ကနေဖြာထွက်မျဉ်းများထိတွေ့ရာမှာထောင့်တွေဖြစ်ပေါ်လာသည်ကို တွေံမြင်ရပါလိမ့်မည်၊၎င်းကို angular perspective ဟုလည်း ခေါ်ဆိုကြပါသည်။ One point perspective ကို sample perspective ဟုလည်းခေါ်ဆိုကြသည်။ မျက်စိမျဉ်းတန်း မျဉ်းလဲအပေါ်မှာသာ ပျောက်ကွယ်စက် Vanishing point ကိုသတ်မှတ်ထားရပါသည်၊ အစက်အမှတ်နှစ်ခုကို နီးကပ်စွာ မထားမိပါစေနှင့်အရာဝတ္ထုများ ဆနွင်းမကင်းပုံလို ချွန်ထွက်ပြီးပုံစံမကျ ဖြစ်ပေါ်စေနိုင်ပါသည်။ စာရွက်ကိုအလျားလိုက်ထားရေးပါ ဘယ်ညာတဘက်စီမှာအစက်အမှတ်ချထားပြီး လေ့ကျင့်ပါ။ စက္ကူစာရွက်ဆိုဒ်ကြီးလေ ရေးဆွဲရအဆင်ပြေစေမှာဖြစ်သည်။