Perspective

အပိုင်း(၂၄)two point perspective. ပျောက်ကွယ်စက်နှစ်ခုဖြင့်ရေးဆွဲထားသောနီးဝေးမြင်စနစ်။

အောက်ပါပုံများကိုသေချာလေ့လာလေ့ကျင့်ပါ၊အထူးသတိပြုရန်မှာမျဉ်းမတ်တခုနှင့်တခုအပြိုင်ဖြစ်နေရပါမည်၊၉၀’ထောင့်မှန်ကျမျဉ်းများဖြစ်ရပါမည်။

စာရွက်ကိုဆိုဒ်ကြီးရှာဆွဲပါ၊မရပါကပြက္ခဒိန်အဟောင်းနောက်ကြောဘက်ကနေဆွဲပြီးလေ့ကျင့်လည်းရပါသည်၊ရန်ကုန်နေသူများအကြောင်းမဟုတ်ပေမဲ့နယ်သမားများစာရွက်ရှာရခက်နေပါလိမ့်မည်၊ကိုဗစ် ကြောင့်လမ်းခရီးများပိတ်နေသဖြင့်မိမိအဆင်ပြေသလိုရေးဆွဲကြပါ။

ခဲအနု အရင့် tone သင်ရင်တော့စာရွက်စာအုပ်ကောင်းမှအဆင်ပြေပါမည်၊ drawing book များဈေးသက်သာစွာဖြင့်ဝယ်ယူရအဆင်ပြေစေရန် ကြိုးစားကြည့်ပါအုံးမည်။ လောဆယ်ခဲတံ 2b ကိုသာအသုံးပြုရေးဆွဲပါ။ ရှေ့တပတ်မှာ level တခုထပ်မြင့်လာမှာဖြစ်သည်။

စာရွက် အလျားလိုက်ရေးဆွဲပါ အစက်အမှတ်များ အလှမ်းကွာဝေးပါစေ။

အစက်အမှတ်နီးနေ၍ အနီးဆုံးအရာ ချွန်ထွက်နေ၊

မျဉ်းများသတိထားရေးဆွဲပါ၊

အစက်အမှတ်မှဖြာထွက်မျဉ်းများကိုသေချာဂရုစိုက်ရေးဆွဲပါ၊

အဆုံးသတ်မျဉ်းများတိကျသေသပ်ပါစေ။