Perspective

အပိုင်း(၂၆)two point perspective.

ပါစပတ်တစ်နီးဝေးမြင်သဘောတရားတွေမှာ အဆောက်အဦး အရာဝတ္ထုတင်မက စာလုံး ဒီဇိုင်းတွေပါ ထုထည်ကြွအောင်စနစ်တကျရေးဆွဲရပါသည်။ အောက်ပါပုံများကိုလေ့လာလေ့ကျင့်နိုင်ဘို့ ထပ်မံတင်ပေးလိုက်ပါသည်။ များများလေ့ကျင့်လေ ပိုမိုသဘောပေါက်လာလေဖြစ်မှာပါ။

Three point perspective များ ဆက်လက်ပြသရပါအုံးမည်၊ ယခုသင်ခန်းစာများကျေညက်အောင် လေ့ကျင့်ထားပါ၊ မြန်မာနိုင်ငံရှိ ပုဂံ ဘုရားများကို ပါစပတ်တစ်နှင့်ရေးဆွဲကျင့်ဘို့ကျန်နေပါသေးသည်။

အပိုင်း(၂၆)two point perspective.

ပျောက်ကွယ်စက်နှစ်ခုဖြင့် ရေးဆွဲရသောနီးဝေးမြင်စနစ်ကို သေချာနားလည်အောင်လေ့လာ လေ့ကျင့်စေချင်ပါသည်။ ဝါသနာကြီးသူများအတွက် တဆင့်ချင်း ထပ်မံပြသပေးလိုက်ပါသည်။

အောက်ပါ ပုဂံဘုရား ပုံက ပါစပတ်တစ်ကိုကျွမ်းကျင်မှသာဆွဲလို့အဆင်ပြေမှာပါ၊

အပြင်မှာလက်တွေ့ဆွဲပြမှ သဘောပေါက်မှာဖြစ်သည့်အတွက် ဗီဒီယိုဖိုင်မရိုက်ပြတော့ပါဘူး ၊ ပန်းချီမှာတိကျဘို့မလိုပါဘူး နည်းစနစ်ကျဘို့ကအဓိကပါ။ Perspective ကို ဝါသနာကြီးသူများနှင့် လုပ်ငန်းခွင်သမားများအတွက်လေ့လာစေဘို့ တင်ပေးလိုက်ပါသည်၊ အိမ်စာမဟုတ်ပါ၊မနက်ဖန် three point perspective အခြေခံကိုဆက်လက်ပြသပေးပါမည်။ စက္ကူစာရွက်ဆိုဒ်ကြီးမှသာ ဆွဲရအဆင်ပြေပါမည်။

အောက်ပါပုံတွေက စိတိကူးနဲ့ အလွတ်လက်တန်း ဆွဲချင်သူများအတွက်ပါ၊

ပါစပတ်တစ်အခြေခံတွေကျွမ်းကျင်ပိုင်နိုင်ပီဆို ဖန်တီးနိုင်သည့် အပိုင်းကို မိမိဘာသာ လက်တန်းရေးဆွဲကျင့်ရတာပါ။ တိမ်တွေမှာ ပါစပတ်တစ်တွေရှိသလို ပန်းအိုး လူပုံတွေမှာလည်း ပါစပတ်တစ်တွေရှိပါသည်၊ ငှက်တွေမှာလည်း နီးသည့်ငှက်ဆိုကြီးပြီး ဝေးသည့်ငှက်ကသေးငယ်သွားပါသည်၊ ခြေခံတွေနားလည်မှသာ လက်ကလက်တွေ့လေ့ကျင့်ပေးရသည်။ အိမ်စာတော့မဟုတ်ပါဘူး ဆက်လက် လေ့လာလေ့ကျင့်လိုသူများအတွက်တင်ပေးလိုက်ပါသည်။

အပိုင်း(၂၆) two point perspective. ပျောက်ကွယ်စက်နှစ်ခုဖြင့်ရေးဆွဲသောနီးဝေးမြင်စနစ်၊

အောက်ပါပုံလေ့ကျင့်ခန်းကကုဗတုံး နှစ်တုံး ကိုရှေ့နောက်ထပ်ပြီး ရေးဆွဲရတာပါ၊ ပြတင်းပေါက်တွေတံခါးမကြီးတွေမှာထုထည်ပိုင်းတွေပါဝင်လာတာကို တွေ့မြင်ရမှာပါ၊ မျဉ်းမတ်တွေမယိုင်အောင်သတိထားရေးဆွဲပါ။

လေ့ကျင်ချိန်ရအောင် နှစ်ရက်နားပါမည်၊ ကြာသပတေးနေ့ညမှာ three point perspective စပြီးပြသပေးပါမည်။