Perspective

အပိုင်း(28) ပါစပတ်တစ် နီးဝေးမြင်ခြင်းသဘော သိမှတ်စရာ အခေါ်အဝေါ်လေးတွေပါ။

Eye level မျက်စိမျဉ်းတန်းမှာ horizontal line မျဉ်းကလည်း မျက်စိမျဉ်းတန်းပါဘဲသူ့ကိုကျတော့ out door မှာအသုံးပြုပါတယ်၊

မျက်စိမျဉ်းတန်း ထက် အောက်အမြင်မှာလည်း ပန်းချီအခေါ် in door မှာ above eye level မျက်စိမျဉ်းအထက်မြင်ကွင်း Worm eye view ကလည်း out door အမြင် တီကောင် မော့ကြည့်အမြင်၊ သဘောတရားကအတူတူပါဘဲ့့့ထို့အတူ မျက်စိမျဉ်းတန်းအောက်ဘက်အမြင် ငုံ့ကြည့် below eye level ဖြစ်ပြီး out door မှာတော့ bird eye view ငှက် အမြင် ပေါ့၊။

ပျောက်ကွယ်စက် vanishing point v.p မှာလည်း V.p 1. V.p 2. V.p 3 ဆိုပြီး ရှိသလို အလားတူ မှာလည်း ဘယ် ညာ အလယ် LV.p R.v.p C.vp ဆိုပြီးလည်း သင်္ကေတတွေနဲ့ ပြတတ်ပါတယ်၊ သင်္ကေတတွေကိုအလွတ်မှတ်မိနေမှသာ အင်တာနက်က ပုံများကိုအလွယ်တကူ လေ့လာ လေ့ကျင့်နိုင်မည် ဖြစ်ပါသည်။

အပိုင်း(၂၈) three point perspective. ပျောက်ကွယ်စက်သုံးခုဖြင့်ရေးဆွဲသောနီးဝေးမြင်စနစ်၊

နောက် level တခုကို ထပ်တက်စရာတွေရှိနေတော့ ပါစပတ်တစ်သဘောတွေ နားလည်အောင်မြန်မြန်သင်နေရတာ၊ ဖြေးဖြေးချင်းလေ့လာလေ့ကျင့်ပါ၊ ပို့စ်တွေမဖျက်ထားပါဘူး၊ တချို့လည်းသင်ရိုးကို သိချင်တာနဲ့ လိုက်ပါမလေ့ကျင့်တာတွေလည်းအများကြီး၊ ဘယ်သူဘာမှန်းမသိပေမဲ့ အားလုံးကိုလက်ခံပေးနေတာပါ၊ ငွေတွေလည်းမသွင်းကြတာတွေလည်း အများကြီး ဘာမှတော့မဖြစ်ပါဘူး တကယ်ဝါသနာကြီးသူတယောက်တလေ နားလည်အဆင်ပြေတယ်ဆိုရင်ဘဲ သင်ရတာကျေနပ်ပါတယ်၊၊

တချို့သင်တန်းတွေမှာတက်ထားဘူးတွေလည်းပါကြမှာပါ၊ သင်နည်းစနစ်တွေကတယောက်နဲ့တယောက်မတူပါဘူး၊ လက်ခံသင်ကြားသူရဲ့ နားလည်သဘောပေါက်မှုပေါ်မှုတည်ပြီး သင်ကြားမှု အဆင်ပြေတယ် မပြေဘူး ဖြစ်ကြတာပါ၊၊

ယခုသင်တန်းကဆက်တိုက်သင်လာတာ တလ ပြည့်တော့မှာပါ၊ မျဉ်း ရဲ့အခြေခံသဘောတွေတောင်မပြီးသေးပါဘူး၊ တချို့လည်းပုံဆွဲချင်တာ သီအိုရီတွေ မသိချင်ကြဘူး ရှေ္တနင်္လာနေ့ညမှာ tone ခဲအနု အရင့် စသင်ပါမည်၊ လိုအပ်တာတွေညနေပိုင်းတင်ပေးပါမည်။ သင်ကြားမှုအဆင်မပြေ နားမလည်တာရှိရင် comment မှာရေးပေးပါ၊ မက်ဆေ့ကဆို တယောက်ချင်းမပြန်နိုင်လို့ပါ။