Practising 001

Practising 1

ပုံဆွဲသင်နေတာဖြစ်သည့်အတွက်လေ့ကျင့်ပုံများကိုစာရေးသလိုပုံတွေကို အသေး လေးတွေလုံးဝမရေးဆွဲရပါ၊ ပုံပန်းချီကားချပ်တွေဟာအနည်းဆုံး အေဖိုး ဆိုဒ်ထဲအပြည့်ရေးဆွဲကျင့်ရတာပါ၊စာရွက်တွေများများရေးဆွဲကျင့်ပါ။

Practising 2

(၂၇-၉-၂၀၂၀) tone လေ့ကျင့်ခဏ်းတွေကမပြီးသေးဘူးနော်၊ စိတ်ကိုခနအနားပေးထားတုန်း အာရုံခံစားမှုအပြောင်းအလဲဖြစ်အောင် လန်းဆနိးသွားအောင် ပန်းလေးတွေ ဆွဲကြည့်တာပေါ့။ ပုံတွေဆွဲတာမှာစိတ်ခံစားမှုအလိုက် ပုံတွေ အရာဝတ္ထုတွေ ပြောင်းလဲရေးဆွဲချင်ကြတာ သဘာဝပါ၊ အစားအသောက်လည်း ဒီသဘာဝပါဘဲ၊ နေ့စဉ်စားသောက်လာသည့် အစားအစာတွေကို တခါတလေပြောင်းလဲစားချင်ကြတာပါဘဲ၊ အရာတခုကိုကျွမ်းကျင်လာစေချင်ရင် ထပ်ခါထပ်ခါ လေ့ကျင့်ရတာကိုတော့ သတိရစေချင်ပါသည်။ ပုံဆွဲကျွမ်းကျင်ချင်ရင်အခြေခံမျဉ်းတွေကိုအမြဲလေ့ကျင့်ပေးပါ။

Practising 3

အခြေခံ မှာ သင်စရာတွေက အများကြီးကျန်နေသေး အားလုံးကအရေးကြီးသိထားစရာတွေ၊ မနက်ဖန်tone ခဲအနု အရင့်သင်မှာ ဆိုတော့ အောက်ပါ လေ့ကျင့်ခဏ်းလေးတွေလည်း လေ့လာ ထားပါအုံး။ အစပိုင်းမှာပြောထားသလိုပါဘဲ လက်ကျင့်ကများများကျင့်မှ တိုးတက်လာမှာပါ၊အခြေခံသဘောတွေသိနားလည်ထားရင် ဒီပညာဒါနက သင်ရကျိုးနပ်ပါပီ။ တချို့သီအိုရီနည်းစနစ်တွေက ပျောက်ကွယ်ကုန်ပါပီ၊အချိန်မီရုံလေးပြန်လည်မျှဝေခွင့်ရတာ ကွယ်လွန်သူဆရာကြီးတွေရဲ့ကောင်းမှုကုသိုလ်ပါဘဲ။

Practising 4

Super Sunday စူပါဆန်းဒေးမှာ အခြေခံလေးတွေလေ့ကျင့်စေဘို့ပါ၊ မျက်စိမျဉ်းတန်းအောက်ဘက်ရောက်လေ အဝန်းပိုင်းတွေ ပိုပြီးခွက်လေ၊ ဘေးဘယ်ညာ အဝန်းတွေထောင့်ချွန်မနေစေရပါ။ ခဲရေးချက် surfacing line မျက်နှာပြင်ရေးချက်တွေညီညာပါစေ။ အသစ်မန်ဘာများ ငွေ ၅၀၀၀-ကျပ်သွင်းပြီးမှသာလက်ခံပါတော့မည်။

Practising 5

28.6.2021. Perspective. သာမန် အကောင်လေးတွေ ဆွဲတာတောင် ပညာရပ်တွေနဲ့ သူများနိူင်ငံတွေမှာအခြေခံပိုင်နိူင်မှသာ ဖန်တီးတဲ့ဘက်ကို ကူးကြတာ ၊ အခြေခံမျဥ်းတွေ ပါစပတ်တစ် နီးဝေးမြင် သဘောတရားတွေ သိထား နားလည်ထားမှသာ နောက်တဆင့်ကို ဆက်သွားလို့ လွယ်ကူစေမှာပါ၊ အပေါ်ယံကြောသာ သိနေမယ်ဆိုရင် ရေးဆွဲသမျှပုံအားလုံး အခက်အခဲတွေနှင့် ပန်းချီကိုစိတ်ကုန်သွားတတ်ပါသည်၊ အမြဲတန်းလေ့လာ ရေးဆွဲနေမှသာ ကျွမ်းကျင် ပိုင်နိူင်ပါလိမ့်မည်။

Practising 6

13.6.2021. anatomy သဘောတရား နဲ့ ခဲခြစ် ရေးချက်တွေ လေ့လာလေ့ကျင့်ဘို့ပါ။ ကိုယ်တိုင်ရေးဆွဲပြဘို့က လောဆယ်အချိန်မရသေးလို့ စောင့်ကြပါအုံးလို့။

Practising 7

9.3.2021. ဒီအချိန်လေးမှာ ရသလောက်လေး လေ့လာ လေ့ကျင့်ကြပါလို့။