Surfacing Lines

Surfacing lines. 27.12.2021.

အကယ်ဒမစ် မျက်နှာပြင်ပြမျဥ်းများ​လေ့ကျင့်ခဏ်း။ ပန်းချီ​ကျောင်းမှာကပထမနှစ်ကုန်ကာနီးဆိုပြင်ပ​အောက်ဒိုး​ရေးဆွဲရပါသည်၊​အောက်ဒိုးမှာအပင်​တွေရဲ့တက်ချာအမျိုးမျိုးတို့ကို ခဲ အနု အရင့် မပါဘဲ လိုင်းသ​​ဘောနဲ့တင် ထုထည်​ပေါ်လွင်​အောင်​ရေးဆွဲကြရပါသည်။

အဘယ့်​ကြောင့်ဆို​သော် ဒုတိယနှစ်​ရေ​ဆေးတန်း​ရောက်ရင်အ​ခြေခံ​တွေပိုင်နိူင်​အောင် ​လေ့ကျင့်ခိုင်းခြင်းဖြစ်ပါသည်။

အပြင်ထွက်​တွေ့မြင်ရာအပင်​တွေကို ရမ်းသမ်း ဆွဲခိုင်းခြင်းမဟုတ်ပါ,အပင်တိုင်း အရွက်,အသီး,ပင်စည်,တို့လုံးဝမတူညီကြပါ၊အပင်တို့၏သဘာဝတို့ကိုမှတ်ဥာဏ်ကအလွတ်မှတ်မိ​နေ​စေရန် ​နေ့စဥ် ​အောက်ဒိုးထွက်​လေ့ကျင့်​ပေးရပါသည်။

ကြုံတုန်း​ပြောပြရရင်ဆရာကြီးဦးဘဥာဏ်၏အပင်​လေ့ကျင့်ခဏ်း စာမျက်နှာ​ပေါင်း တ​ထောင်​ကျော်ရှိသည်ဟုသိရပါသည်၊လက်​တွေ့မြင်ဘူးသည်ကစာမျက်နှာ​ပေါင်း ရာ​ကျော်ကို လက်​တွေ့မြင်ခဲ့ဘူးပါသည်၊

သစ်မြစ်​တွေချည်း​လေ့ကျင့်ထားသည်မှာတကယ့်အံ့မခန်းပါဘဲ၊အမျိုးနီးစပ်သူတ​ယောက်ကလာ​ရောက်​ရောင်းချရာ ဘယ်သူမှမဝယ်နိုင်ကြ,အမျိုးသားပြတိုက်ကိုသွားပြ​သော်လည်း အထက်သို့ခွင့်ပြုချက်​တောင်းထား​ကြောင်းသာအ​ကြောင်းပြန်ဟုသိခဲ့ရပါသည်၊​နောက်ဆုံးနာမည်ရ ပန်းချီဆရာတ​ယောက်ထံ​ရောက်ရှိသွားသည်ကိုသိခဲ့ရပါသည်။

ဝါသနာရှင်​တွေ​လေ့ကျင့်ရအဆင်​ပြေ​စေရန် သစ်မြစ်ပုံအချို့ပါတင်​ပေးလိုက်ပါသည်။