Tone

Tone

အပိုင်း(29) tone အနု အရင့် ၊

လောကရှိသက်ရှိ သက်မဲ့ တို့၏အလုံး အထည် ၊အခုံး အခွက်၊အလုံး အပြားတို့၏ အရောင်အသွေးတို့ကို အလင်းရောင်ကြောင့်သာမြင်တွေ့ရခြင်းဖြစ်၊အလင်းရောင်သာမရှိပါကအရာတတ္ထုများအားလုံးသည်၊မည်သည့်ပုံသဏ္ဍာန်မှမြင်တွေ့ရမည်မဟုတ်ပေ၊ ပန်းချီအနုပညာဆိုသည်မှာ စက္ကူစာရွက်ပေါ်၌ရုပ်လုံးကြွလာအောင်ရေးဆွဲသရုပ်ဖေါ်ရသောအတတ်ပညာဖြစ်သဖြင့်အလင်းအမှောင်ကို ဂရုထားရေးဆွဲနိုင်မှသာရုပ်လုံးပေါ်၍သဘာဝကျပါလိမ့်မည်။ အရာဝတ္ထုများရေးဆွဲရာ၌အသွေးအနုအရင့် ကိုးပိုင်း ခွဲ၍အလင်း အမှောင်ထည့်သွင်းရေးဆွဲနိုင်မှသာအလုံးအထည်ပေါ်လာမည်၊သို့ရာတွင်အရာဝတ္ထုတိုင်းကိုနုရင့် ကိုးဆင့် နှင့် ပိုင်းခြားရေးရမည်ဟုမဆိုလိုပါ၊အရာဝတ္ထုများသည် ၊တင်းပြောင်သော နှင့် မှေးမှိန်သော ပစ္စည်းဟူ၍အမျိုးမျိုးရှိရာ အခြေအနေပေါ်မူတည်ပြီးအသွေး tone နု ရင့် ခြားနားသည်ကိုသိရှိထားရပါမည်။ ထို့ကြောင့်အရာဝတ္ထုများကိုအလင်း အမှောင်၊အကြည်ပေါက် အလင်းပေါက်ဝတ္ထု၊အလင်းပိတ်အရာဝတ္ထု တို့ကိုကွဲပြားစွာကြည်ရှုပြီး အသွေး အနုအဆင့်ဆင့်ကို အနုဆုံးမှအရင့်ဆုံးထိ တဖြေးဖြေး ထည့်သွင်း ရေးဆွဲနိုင်အောင် များများလေ့ကျင့်ပေးရပါသည်။ အောက်ပါပုံများကိုလေ့လာပြီးများများလေ့ကျင့်ပါ။ ခဲရေးချက်ဖြစ်သည့်အတွက်လက်အဖိ အဖေါ့ လေ့ကျင့်ရသည့်အတွက် ခဲတံ 4b 6b တို့ကိုအသုံးပြုပါ၊နားကြပ်တံ ဂွမ်း လက်တို့ဖြင့် ပွတ်ခြင်း မှုန်းခြင်း လုံးဝမလုပ်ရပါ၊ခဲအမှုန့်များ အသုံးမပြုရပါ၊ အခြေခံလက်ကျင့်ဖြစ်သည့်အတွက် သေချာလေ့ကျင့်စေချင်ပါသည်။

လိုင်းသဘောအနေဖြင့်နုရင့်သဘောကိုးဆင့်

ခဲ ရေးချက်များ သေချာလေ့ကျင့်ပါ၊

ထက်အောက် နု ရင့် များ လေ့ကျင့်ပေးပါ။

အခြေခံလင်းမှောင်ရိပ်သဘောများ

လေ့ကျင့်ခဏ်းများ

Tone

အပိုင်း(29) tone value.

ခဲတံကို ဖွဖွရေးရင် အသွေး နုမယ် အနည်းငယ်ဖိရေးရင် အသွေးအနည်းငယ်ရင့်လာမယ် ခဲတံအမျိုးအစား ဘီနံပါတ်ကြီးသုံးပြီးရေးရင် အသွေးပိုရင့်ပြီး ပိုမှောင်လာမယ် အဓိက အချက်က ခဲတံကို လက်ကလိုသလိုထိန်းကျောင်းပြီး အဖိအဖေါ့ တွေ မျဉ်းလဲ မျဉ်းစောင်းတွေကို ညီညာပြေပြစ်စွာရေးဆွဲလေ့ကျင့်ပေးရတာပါ၊များများလေ့ကျင့်တဲ့သူကပိုပြီးကျွမ်းကျင်လာတာ သဘာဝပါဘဲ။ စာရွက်သား ထူရမယ် ခဲတံအမျိုး အစားကောင်းရမယ် လက်ကလည်းရေးဆွဲလေ့ကျင့်နိုင်မယ်ဆိုရင်အလွယ်တကူတတ်မြောက်ကြမှာပါ။ tone တကွက်ကို 1.5”x2.0” စီထားပြီးလေ့ကျင့်ပေးပါ။

Tone

အပိုင်း(29) tone value.ခဲ အနု အရင့် လေ့ကျင့်ခဏ်းများ၊

အလုံးအထည်ကို အရစ် တရစ်ချင်း အနု အရင့် ရေးဆွဲကျင့်ပါ၊ ပြီးလျင် နု ရင့်ကို ရော ပြေ ရေးဆွဲပါ။

Student

ခဲတံတစ်ချောင်းထဲနဲ့အနုအရင့်လေ့ကျင့်ရမှာလားဆရာ😁 တခြားခဲတံနံပါတ်တွေနဲ့အနုအရင့်လေ့ကျင့်ရမှာလား မသိလို့ပါဆရာ😁

Artisthlatun Artisthlatun

ခဲတံ ဘီနံပါတ်တွေပြောင်းသုံး