Tone

အပိုင်း(30) tone.value.

ခဲရေးချက် နု ရင့် ကိုးဆင့် လေ့ကျင့်ပြီးလျင် အရာဝတ္ထုတွေ၏အလင်းအမှောင် ခဲရေးချက်တွေကို ဆက်လက် လေ့လာ လေ့ကျင့်ပါ။ အောက်ပါပုံများသေချာလေ့လာပြီး လေ့ကျင့်ပါ။ အထူးသဖြင့်စာရွက်တွေကိုလှည့်ပတ်မဆွဲရပါ၊စာမျက်နှာပြည့်ရေးဆွဲကျင့်ပါ၊မျဉ်းလေ့ကျင့်ခဏ်းတွေကဒီလိုအချိန်မှာပိုပြီးသိသာလာပါပီ၊အလေ့အကျင့်နဲသူတွေဆွဲရခက်ခဲနေပါလိမ့်မည်၊စိတ်မပျက်ပါနှင့်ထပ်ခါထပ်ခါ နေ့စဉ်လေ့ကျင့်ပေးပါ၊ကျွမ်းကျင်လာပါလိမ့်မည်။ ခဲတံ ဘီနံပါတ်တွေ ပြောင်းပြီးရေးဆွဲပါ၊စာရွက်စက္ကူသားတွေ ထူပါစေ၊အေဖိုးစာရွက်တွေလေ့ကျင့်ရခက်နေပါမည်၊လက်ဖနောင့်တွေမညစ်ပတ်စေရန်အတွက်လက်အောက်ခံစာရွက်တခုခံပြီးခဲသားတွေရေးခြစ်ပါ။

Post Date : 2020-09-22

4”.0x4.0” ပတ်လည် စတုရန်းကွက်၊

ပုံကြမ်း

ခဲ ရေးချက် များ သေချာလေ့လာပါ၊

ခဲရေးချက် နု ရင့်။

ခဲရေးချက် နု ရင့်။

ခဲ ပန်းချီးကားတွေရေးပြီးရင် ခုလို ချုပ်ဆေးဖြင့် စပရေးဖျန်းပေးပြီး သိမ်းဆည်းထားရပါသည်။ Link

လက်တထွာအကွာကနေစပရေးဖျန်းပေးရတာပါ၊

တဘူးကို 6500့မန်းလေးမှာ ၊ ရန်ကုန်မှာ 8000-ကျပ်လောက်ရှိပါသည်၊

Tone ကို ဘယ်လို ပိုင်းရေးမလဲ

ခဲတံ ဘီ နံပါတ် ကြီးလေ ပို၍ မဲပြီး ရင့်

ခဲတံ H အမှတ်အသားကို လုံးဝအသုံးမပြုရပါ၊

ခဲတံကို ချွန်စက်ဖြင့် မချွန်ရန်သတိပြုပါ၊ခဲတံချွန်ဒါးဖြင့်သာ ချွန်ပါရန်။

နမူနာလေ့လာရန်ပုံများ၊