Wrinkling Exercises

အပိုင်း (51) 27.10.2020 အဝတ်တွန့် လေ့ကျင့်ခဏ်း

ခဲခြစ် လေ့ကျင့်ခဏ်း တွေ ဆက်တိုက်လေ့ကျင့်ရပါမည်၊စာရွက်ဆိုဒ် 10”x15” သို့ 15”x20” ဆိုဒ်တွေ အပြည့် ရေးဆွဲပါ။ အသွေး အနု အရင့်၊အလင်း အမှောင်များခွဲခြားသိမြင်ရေးဆွဲနိုင်ရပါမည်။ အလင်း ဆုံး နေရာမှာ အမှောင် ဆုံး ရှိပါသည်။ အဝတ်တွန့် လေ့ကျင့်တာသည်၊အဝတ် ၏ အောက်ခံ မှာထုထည်၊ရှိနေသည့်သဘော သိထားရပါမည်၊လူ၏အရိုးပေါ်ကြွက်သားများရှိနေသည်ဆိုသည့် အခြေခံ သဘောတရားကို သိဘို့အတွက် အဝတ်တွန့်က အခြေခံ ကျင့်ရခြင်းဖြစ်ပါသည်၊ လက်ချောင်း ခြေချောင်း တွေ ပိုင်နိုင် စေချင်ရင် ငှက်ပျော်သီး များများလေ့ကျင့်ပေးရပါသည်။ ပန်းချီလေ့လာ လေ့ကျင့်သူ အတော်များများက ထို သဘောတရား သိမြင်သူ အလွန်နည်းပါး လှပါသည်၊ဘာ ကို ဘယ်လိုလေ့ကျင့်ယူရသညါမသိကြပါ၊ အရာဝတ္ထုတွေ ချပေးထား မီးထိုးပြီး ကြည့်ရေး လေ့ကျင့် ဒါတွေချည်းထပ်နေတာကိုတွေ့ရတတ်ပါသည်၊ ခဲ ရေးပြန်တော့လည်း surfacing line မျက်နှာပြင်လိုင်းတွေမသိ၊ဂွမ်း နဲ့ ပွတ်၊နားကျပ်တံနှင့်ပွတ် ခဲတံ ဘယ် ညာ ဆွဲပွတ် ကြာလာတော့ လက်က သေ လာသည်၊ အဝေ့ အဝှိုက်, ထက် အောက် ဘယ် ညာ ရေးချက်တွေ မပိုင် မရေးနိုင်ကြ စာရွက်တွေ ရွေ့ ပြီး ရေးဆွဲလာကြတာတွေ့ရပြန်သည်။ နောက်ပိုင်း လက်တွေ့ လေ့ကျင့်ခဏ်းတွေချည်း ရေးဆွဲရမည်ဖြစ်သည့်အတွက် အထက်ပါအချက်များကို သတိထား ပြီးရေးဆွဲကြပါလို့။ အောက်ပါ အဝတ်တွန့် ရေးချက်များ ရေးဆွဲကျင့်ပါ။